Big News Times

Just another Blogger Template by Basnetg.com

Basnetg.com - Premium Blogger Templates

လွှတ်တော်နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးအကြား အငြင်းပွားမှု ပြင်းထန်နေချိန်တွင် သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေး(မှူးဇော်)က ထိုင်းနိုင်ငံ အာဏာသိမ်းမှုအကြောင်း ဖော်ပြလာ

Published on Saturday, September 1, 2012 12:52 AM // ,

သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေး (မှူးဇော်)၏ Facebook စာမျက်နှာတွင် အာဏာသိမ်းမှု မကြာခဏ ဖြစ်ပွားသော ထိုင်းနိုင်ငံရေးနှင့်ပတ်သက်၍ ဖေါ်ပြထားမှု

လွှတ်တော်နှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံးအကြား အငြင်းပွားမှု ပြင်းထန်နေချိန်တွင် သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး(မှူးဇော်)က ထိုင်းနိုင်ငံ အာဏာသိမ်းမှုအကြောင်း ဖော်ပြလာသည်ကို တွေ့ရှိရပါသည်။သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး(မှူးဇော်)က ၎င်း၏ Facebook စာမျက်နှာတွင် "၀ီကီပီးဒီးယားက ထိုင်းနိုင်ငံရေး သမိုင်းကြောင်းပါ" ဟူသည့် ခေါင်းစဉ်ဖြင့် "မြန်မာနိုင်ငံနဲ့ ရေမြေဆက်စပ်နေတဲ့ နိုင်ငံပါ။ ထိုင်း ဒီမိုကရေစီဟာ အာဏာသိမ်းမှုပေါင်း ဂဏန်းနှစ်လုံးရှိပါတယ်။ ရွေးလိုက်-ဖြုတ်ချလိုက်-သိမ်းလိုက်-ရွေးလိုက် သံသရာလည်ခဲ့တာပါ။ ဒီလို လည်နေရင်းနဲ့ပဲ ထိုင်းဒီမိုကရေစီ ရင့်ကျက်လာတယ်လို့ ဆိုပါတယ်"ဟု ရေးသားထားကာ ထိုင်းနိုင်ငံ၏ အာဏာသိမ်းမှုဖြစ်စဉ်များ ပါဝင်သည့် ၀ီကီပီးဒီးယား၏ ဖော်ပြချက်ကို ထည့်သွင်းဖော်ပြထားခြင်း ဖြစ်သည်။လက်ရှိအချိန်တွင် လွှတ်တော်ကော်မတီများအား ပြည်ထောင်စု အဆင့်မဟုတ်ကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးက ဆုံးဖြတ်ခဲ့ပြီးနောက် လွှတ်တော်နှင့် ခုံရုံးအကြား အပြန်အလှန် အငြင်းပွားမှုများ ပေါ်ပေါက်လျက် ရှိနေပါသည်။ ယင်းနှင့် ပတ်သက်၍ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး၏ ဆုံးဖြတ်ချက်အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ပေါင်း ၃၀၁ ဦးက လက်မှတ်ရေးထိုးပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံ ရုံးအား စွပ်စွဲ ပြစ်တင်မှု ပြုလုပ်ရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့တွင် တင်ပြတောင်းဆိုခဲ့ကြသည်။ထို့ကြောင့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ၎င်းတို့၏ အသိစိတ်ဓာတ်ဖြင့် တာဝန်မှ အနားယူစေခြင်းတို့ကို ဆောင်ရွက်ပေးရန်နှင့် ထိုသို့ဆောင်ရွက်ပေးမှုကို ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့ မတိုင်မီ အပြီး ဆောင်ရွက်ပေးပါရန် တိုက်တွန်းမှုကို ဆောင်ရွက်ခြင်းမရှိပါက လွှတ်တော် ကိုယ်စားလှယ်လေးပုံတစ်ပုံမှ လက်မှတ်ရေးထိုးကာ စွပ်စွဲပြစ်တင်မှုအဆိုကို ပြည်သူ့လွှတ်တော်သို့ တင်သွင်းသွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက နိုင်ငံတော် သမ္မတထံ သ၀ဏ်လွှာပေးပို့ခဲ့သည်။နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ လွှတ်တော်က စွပ်စွဲပြစ်တင်သည့် နည်းလမ်းအစား ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန်မှာ ပိုမိုသင့်လျော် မည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြည်သူ့လွှတ်တော်သို့ သြဂုတ်လ ၂၀ ရက်နေ့တွင် အကြောင်းပြန်ခဲ့ကြောင်း သိရသည်။အဆိုပါ သြဂုတ်လ ၂၀ရက်နေ့က နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ သတင်းစာရှင်းလင်းပွဲကို နေပြည်တော်တွင် ပြုလုပ်ခဲ့သည်။ သတင်းစာ ရှင်းလင်းပွဲတွင် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌ ဦးသိန်းစိုးက "လွှတ်တော် အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့အား ပြည်ထောင်စုအဆင့် အဖွဲ့အစည်းအဖြစ် ထည့်သွင်း အဓိပ္ပာယ်ဖွင့်ဆိုခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ညီ ညွတ်ခြင်း မရှိကြောင်း" ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ရှင်းလင်းမှုများ ပြုလုပ်ခဲ့သည်။ဦးသိန်းစိုးက လွှတ်တော်အသီးသီးမှ ဖွဲ့စည်းထားသည့်ကော်မတီ၊ ကော်မရှင်များသည် ဖွဲ့စည်းပုံ အခြေခံဥပဒေများနှင့် ဆန့်ကျင်နေသည့်အတွက် ပျက်ပြယ်သည်ဟု ဆုံးဖြတ်ချက် ချမှတ်ထားကြောင်း၊ နိုင်ငံတော်တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ တစ်ခုတည်းရှိကြောင်း၊ ကျန်သော ဥပဒေသည် တည်ဆဲဥပဒေဖြစ်ကြောင်း၊ အဆိုပါ တည်ဆဲဥပဒေသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ဆန့်ကျင်လျှင် ပျက်ပြယ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ယင်းနောက် သြဂုတ်လ ၂၄ ရက်နေ့က ပြုလုပ်ခဲ့သော အမျိုးသား လွှတ်တော်အစည်းအဝေးတွင် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၆၂ ဦးက လက်မှတ်ရေးထိုးကာ စွပ်စွဲပြစ်တင်မှု အဆိုတင်သွင်းခဲ့သည် ယင်းစွပ်စွဲပြစ်တင်မှု အဆိုကို လက်မှတ်ရေးထိုးသူ ၁၆၂ ဦး ကိုယ်စား ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇော်မြင့်ဖေက တင်သွင်းခဲ့သည်။ယင်းအဆိုကို အမျိုးသားလွှတ်တော်တွင် ဆွေးနွေးနိုင်ရန်အတွက် မဲခွဲဆုံးဖြတ်ရာတွင် တက်ရောက်သည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၅၆ ဦးက ထောက်ခံခဲ့ပြီး တပ်မတော်သား ကိုယ်စားလှယ်များ အားလုံးကမူ ဆန္ဒပြုခဲ့ခြင်းမရှိကြောင်း သိရသည်။ အမျိုးသားလွှတ်တော်သို့ တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ်ဦးရေမှာ ၂၂၃ ဦးရှိပြီး အဆိုတင်သည့် နေ့တွင် အစည်းအဝေး တက်ရောက်သူမှာ ၂၁၀ ဦးရှိကာ တပ်မတော်သား ကိုယ်စားလှယ် ၅၄ ဦးမှ လွဲ၍ ကျန်ကိုယ်စားလှယ် အားလုံးက ထောက်ခံမဲပေးခဲ့ကြခြင်း ဖြစ်သည်။သြဂုတ်လ ၂၈ ရက်နေ့က ပြုလုပ်ခဲ့သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ဖွဲ့စည်းပုံ အခြေခံဥပဒေပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ ဥပဒေအရ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ မထမ်းဆောင်ခြင်းတို့အရ စွပ်စွဲပြစ်တင်ခြင်း အဆိုကို ကိုယ်စားလှယ် ၁၆ ဦးက ဆွေးနွေးခဲ့ပြီး အဆိုအတည် ဖြစ်မဖြစ် မဲခွဲဆုံးဖြတ်ရာတွင် အနိုင်ရရှိခဲ့ကာ အဆိုကို ဆွေးနွေးခဲ့သော ကိုယ်စားလှယ် ၁၆ ဦးတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ခြောက်ဦးပါဝင်ခဲ့ပြီး ယင်း ကိုယ်စားလှယ်များမှလွဲ၍ ကျန်ကိုယ်စားလှယ်များက အဆိုကို ထောက်ခံဆွေးနွေးခဲ့ခြင်းဖြစ်သည်။ အဆို ကို အတည်ပြုရန် မဲခွဲဆုံးဖြတ်ရာတွင် တပ်မတော်သား လွှတ်တော်ကိုယ် စားလှယ်များမှ လွဲ၍ ကျန်ကိုယ်စားလှယ် အားလုံးက ထောက်ခံခဲ့ကြပြီး ထောက်ခံသူဦးရေမှာ ၁၆၃ ဦးဖြစ်သည့် အတွက်လိုအပ်သည့်ထောက်ခံမဲ သုံးပုံနှစ်ပုံဖြစ်သည့် ၁၄၉ မဲကို ကျော်လွန်သည့်အတွက် အဆိုကို အတည်ပြုကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌဦးခင်အောင်မြင့်က ကြေညာခဲ့သည်။ထို့ပြင် သြဂုတ်လ ၂၇ ရက်နေ့၌ ပျော်ဘွယ်မဲဆန္ဒမှ ဦးမြင့်စိုးက ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်းသည့် "နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးအနေဖြင့် မှားယွင်း ဆောင်ရွက်မိကြောင်း ကြေညာချက် ထုတ်ပြန်ပေးရေး ပြည်ထောင်စုလွှတ်တော်က တိုက်တွန်းပေးရန်" အဆိုကို ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၂၂ ဦးက ဆွေးနွေးခဲ့သည်။ယင်းအဆိုကို မဲခွဲဆုံးဖြတ်ခဲ့ရာ ဆန္ဒမဲပေးမှုအရ ဆန္ဒမဲပေးခွင့်ရှိသူ ၆၂၉ ဦးရှိသည့် အနက် ထောက်ခံမဲပေးသူ ၄၄၇ ဦး ရှိပြီး ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အပါအ၀င် ပါတီအသီးသီးမှ လွှတ်တော် ကိုယ်စားလှယ်များက ညီညွတ်စွာ ထောက်ခံဆန္ဒမဲပေးခဲ့ကြောင်း သိရ သည်။ ထို့ကြောင့် လွှတ်တော်နှစ်ရပ်လုံးမှ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်ကော်မတီ များအား ပြည်ထောင်စုအဆင့်အဖြစ် လိုလားနေသည်မှာ ပေါ်လွင်ကြောင်း သုံးသပ်မှုများရှိနေသည်။ထို့ပြင် တစ်ဖက်တွင်လည်း လွှတ်တော်များအနေဖြင့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်ကို လိုက်နာခြင်း မရှိသည့်အပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်သည့် ဆောင်ရွက်ချက်များပြုလုပ်ခြင်း၊ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို စွပ်စွဲပြစ်တင်မှု ပြုလုပ်ခြင်းနှင့် အဆိုတင်သွင်း ဆုံးဖြတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်ဟု ဆိုကာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးက ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ သြဂုတ်လ ၂၉ ရက်နေ့တွင် စာချွန်တော် လျှောက်ထားခဲ့သည်။ အဆိုပါ နေ့တွင်ပင် နိုင်ငံတော်ဖွဲ့စည်းပုံဆိုင်ရာခုံရုံးကို စွပ်စွဲချက်အဆိုအား ဆက်လက် အရေးယူဆောင်ရွက်နိုင်ရန် ပြည်သူ့လွှတ်တော်တွင် စုံစမ်းစစ် ဆေးရေးအဖွဲ့ ဖွဲ့စည်းခဲ့ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့သည်။ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ပြည်ထောင်စုလွှတ်တော်တွင် ခုံရုံးနှင့် ပတ်သက်၍ ဦးမြင့်စိုး တင်သွင်းသည့် အဆိုကို ၀င်ရောက် ဆွေးနွေးရာတွင်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ အငြင်း အခုန်ဖြစ်သည်မှာ မထူးဆန်းကြောင်း စိတ်ပျက်စရာ မလိုကြောင်း၊ ပြဿနာကိုဖြေရှင်းရာတွင် ဒီမိုကရေစီစံ နှုန်းနှင့် ညီမညီ နှင့် ပြည်သူများအတွက် အေးချမ်းသာယာမှုကို ဦးတည်သလားဆိုသလို စဉ်းစားဖြေရှင်းရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။ ထို့ပြင် ယခုပြဿနာကို ဖြေရှင်းရာတွင် အားလုံးညှိညှိနှိုင်းနှိုင်း၊ တိုင်တိုင်ပင်ပင်၊ သဘောထားကြီးကြီး၊ အမြှော်အမြင်ရှိရှိဖြင့် ဖြေရှင်းရေးကို ဦးတည်ရန် မေတ္တာရပ်ခံကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့သည်။အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် လွှတ်တော်သို့ မ၀င်ရောက်မီ ကြားဖြတ်ရွေးကောက်ပွဲ အကြိုကာလကလည်း ဒီမိုကရေစီစနစ်အောင်နိုင်ရန် တပ်မတော်ပါဝင်ရန်လိုအပ်ကြောင်း သုံးသပ် ပြောကြားထားပါသည်။"နိုင်ငံကို ပြန်ပြီးတော့ ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ သေသေချာချာ ရောက်ဖို့ဆိုရင် ပြည်သူလူထုတွေနဲ့ တပ်မတော်ကြားမှာ အဆင်ပြေဖို့လိုတယ်ဆိုတာ အများနားလည်ပြီးသား ဖြစ်မှာပါ။ ဒီမိုကရေစီစနစ် အောင်နိုင်ဖို့ဆိုတာဟာ ဒီမိုကရေစီစနစ် တည်ဆောက်တဲ့ အနောက်မှာ တပ်မတော်က မားမားမတ်မတ် ပါဝင်ဖို့လိုပါတယ်"ဟု ဒေါ်အောင်ဆန်းစုကြည်က မတ်လအတွင်း မိတ္ထီလာသို့ မဲဆွယ်စည်းရုံးရေး ခရီးသွားရောက်စဉ် ပြောကြားထားသည်။လတ်တလော ဖြစ်စဉ်များအရ ယခုအချိန်တွင် လွှတ်တော်နှင့် ခုံရုံးအကြား အပြန်အလှန်အားပြိုင်မှုများ ဖြစ်ပေါ်နေသလို သမ္မတနှင့် လွှတ်တော်အကြား အငြင်းပွားဖွယ်ရာများရှိနေနိုင်သည့် အခြေအနေ မျိုးတွင် သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေး(မှူးဇော်)၏ Facebook တွင် ဖော်ပြထားသည့်စာသည် စဉ်းစားစရာများ ဖြစ်ပေါ်စေကြောင်း လေ့လာသူတစ်ဦးက သုံးသပ်ခဲ့ပါသည်။"လွှတ်တော်နဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံးတို့ အခြေအတင် ဖြစ်နေချိန်မှာ သမ္မတရုံးက ပြောရေးဆိုခွင့်ရှိတဲ့ ဦးဇော်ဌေး (မှူးဇော်) အနေနဲ့ သူ့ Facebook မှာ အခုလို ထိုင်းမှာ အာဏာသိမ်းတဲ့ အကြောင်း ကို ဖော်ပြလာတာဟာ မေးခွန်း ထုတ်စရာဖြစ်စေပါတယ်။ နောက်တစ်ချက်က ဒီလိုငြင်းခုံတဲ့ အခြေအနေတွေ ဆိုးရွားလာရင် စစ်တပ်က အာဏာသိမ်းလိမ့်မယ်လို့ သတိပေးထားတာလားလို့လည်း စဉ်းစားနေရတယ်။"ဟု အဆိုပါလေ့လာသူတစ်ဦးက ပြောပါသည်။မြန်မာ့နိုင်ငံရေး သမိုင်းတွင် စစ်တပ်မှ အာဏာသိမ်းမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ၁၉၆၂ ခုနှစ် မတ်လ ၂ ရက် နှင့် ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့များက အာဏာသိမ်းမှု ဖြစ်စဉ်များ ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပါသည်။
လွှတ်တော်နှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံးအကြား အငြင်းပွားမှု ပြင်းထန်နေချိန်တွင် သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး(မှူးဇော်)က ထိုင်းနိုင်ငံ အာဏာသိမ်းမှုအကြောင်း ဖော်ပြလာသည်ကို တွေ့ရှိရပါသည်။

သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး(မှူးဇော်)က ၎င်း၏ Facebook စာမျက်နှာတွင် "၀ီကီပီးဒီးယားက ထိုင်းနိုင်ငံရေး သမိုင်းကြောင်းပါ" ဟူသည့် ခေါင်းစဉ်ဖြင့် "မြန်မာနိုင်ငံနဲ့ ရေမြေဆက်စပ်နေတဲ့ နိုင်ငံပါ။ ထိုင်း ဒီမိုကရေစီဟာ အာဏာသိမ်းမှုပေါင်း ဂဏန်းနှစ်လုံးရှိပါတယ်။ ရွေးလိုက်-ဖြုတ်ချလိုက်-သိမ်းလိုက်-ရွေးလိုက် သံသရာလည်ခဲ့တာပါ။ ဒီလို လည်နေရင်းနဲ့ပဲ ထိုင်းဒီမိုကရေစီ ရင့်ကျက်လာတယ်လို့ ဆိုပါတယ်"ဟု ရေးသားထားကာ ထိုင်းနိုင်ငံ၏ အာဏာသိမ်းမှုဖြစ်စဉ်များ ပါဝင်သည့် ၀ီကီပီးဒီးယား၏ ဖော်ပြချက်ကို ထည့်သွင်းဖော်ပြထားခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် လွှတ်တော်ကော်မတီများအား ပြည်ထောင်စု အဆင့်မဟုတ်ကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးက ဆုံးဖြတ်ခဲ့ပြီးနောက် လွှတ်တော်နှင့် ခုံရုံးအကြား အပြန်အလှန် အငြင်းပွားမှုများ ပေါ်ပေါက်လျက် ရှိနေပါသည်။ ယင်းနှင့် ပတ်သက်၍ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး၏ ဆုံးဖြတ်ချက်အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ပေါင်း ၃၀၁ ဦးက လက်မှတ်ရေးထိုးပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံ ရုံးအား စွပ်စွဲ ပြစ်တင်မှု ပြုလုပ်ရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့တွင် တင်ပြတောင်းဆိုခဲ့ကြသည်။

ထို့ကြောင့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ၎င်းတို့၏ အသိစိတ်ဓာတ်ဖြင့် တာဝန်မှ အနားယူစေခြင်းတို့ကို ဆောင်ရွက်ပေးရန်နှင့် ထိုသို့ဆောင်ရွက်ပေးမှုကို ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့ မတိုင်မီ အပြီး ဆောင်ရွက်ပေးပါရန် တိုက်တွန်းမှုကို ဆောင်ရွက်ခြင်းမရှိပါက လွှတ်တော် ကိုယ်စားလှယ်လေးပုံတစ်ပုံမှ လက်မှတ်ရေးထိုးကာ စွပ်စွဲပြစ်တင်မှုအဆိုကို ပြည်သူ့လွှတ်တော်သို့ တင်သွင်းသွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက နိုင်ငံတော် သမ္မတထံ သ၀ဏ်လွှာပေးပို့ခဲ့သည်။

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ လွှတ်တော်က စွပ်စွဲပြစ်တင်သည့် နည်းလမ်းအစား ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန်မှာ ပိုမိုသင့်လျော် မည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြည်သူ့လွှတ်တော်သို့ သြဂုတ်လ ၂၀ ရက်နေ့တွင် အကြောင်းပြန်ခဲ့ကြောင်း သိရသည်။

ထိုင်း ဒီမိုကရေစီဟာ အာဏာသိမ်းမှုပေါင်း ဂဏန်းနှစ်လုံးရှိပါတယ်။ ရွေးလိုက်-ဖြုတ်ချလိုက်-သိမ်းလိုက်-ရွေးလိုက် သံသရာလည်ခဲ့တာပါ။ ဒီလို လည်နေရင်းနဲ့ပဲ ထိုင်းဒီမိုကရေစီ ရင့်ကျက်လာတယ်




အဆိုပါ သြဂုတ်လ ၂၀ရက်နေ့က နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ သတင်းစာရှင်းလင်းပွဲကို နေပြည်တော်တွင် ပြုလုပ်ခဲ့သည်။ သတင်းစာ ရှင်းလင်းပွဲတွင် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌ ဦးသိန်းစိုးက "လွှတ်တော် အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့အား ပြည်ထောင်စုအဆင့် အဖွဲ့အစည်းအဖြစ် ထည့်သွင်း အဓိပ္ပာယ်ဖွင့်ဆိုခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ညီ ညွတ်ခြင်း မရှိကြောင်း" ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ရှင်းလင်းမှုများ ပြုလုပ်ခဲ့သည်။

ဦးသိန်းစိုးက လွှတ်တော်အသီးသီးမှ ဖွဲ့စည်းထားသည့်ကော်မတီ၊ ကော်မရှင်များသည် ဖွဲ့စည်းပုံ အခြေခံဥပဒေများနှင့် ဆန့်ကျင်နေသည့်အတွက် ပျက်ပြယ်သည်ဟု ဆုံးဖြတ်ချက် ချမှတ်ထားကြောင်း၊ နိုင်ငံတော်တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ တစ်ခုတည်းရှိကြောင်း၊ ကျန်သော ဥပဒေသည် တည်ဆဲဥပဒေဖြစ်ကြောင်း၊ အဆိုပါ တည်ဆဲဥပဒေသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ဆန့်ကျင်လျှင် ပျက်ပြယ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် သြဂုတ်လ ၂၄ ရက်နေ့က ပြုလုပ်ခဲ့သော အမျိုးသား လွှတ်တော်အစည်းအဝေးတွင် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၆၂ ဦးက လက်မှတ်ရေးထိုးကာ စွပ်စွဲပြစ်တင်မှု အဆိုတင်သွင်းခဲ့သည် ယင်းစွပ်စွဲပြစ်တင်မှု အဆိုကို လက်မှတ်ရေးထိုးသူ ၁၆၂ ဦး ကိုယ်စား ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇော်မြင့်ဖေက တင်သွင်းခဲ့သည်။

ယင်းအဆိုကို အမျိုးသားလွှတ်တော်တွင် ဆွေးနွေးနိုင်ရန်အတွက် မဲခွဲဆုံးဖြတ်ရာတွင် တက်ရောက်သည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၅၆ ဦးက ထောက်ခံခဲ့ပြီး တပ်မတော်သား ကိုယ်စားလှယ်များ အားလုံးကမူ ဆန္ဒပြုခဲ့ခြင်းမရှိကြောင်း သိရသည်။ အမျိုးသားလွှတ်တော်သို့ တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ်ဦးရေမှာ ၂၂၃ ဦးရှိပြီး အဆိုတင်သည့် နေ့တွင် အစည်းအဝေး တက်ရောက်သူမှာ ၂၁၀ ဦးရှိကာ တပ်မတော်သား ကိုယ်စားလှယ် ၅၄ ဦးမှ လွဲ၍ ကျန်ကိုယ်စားလှယ် အားလုံးက ထောက်ခံမဲပေးခဲ့ကြခြင်း ဖြစ်သည်။

သြဂုတ်လ ၂၈ ရက်နေ့က ပြုလုပ်ခဲ့သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ဖွဲ့စည်းပုံ အခြေခံဥပဒေပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ ဥပဒေအရ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ မထမ်းဆောင်ခြင်းတို့အရ စွပ်စွဲပြစ်တင်ခြင်း အဆိုကို ကိုယ်စားလှယ် ၁၆ ဦးက ဆွေးနွေးခဲ့ပြီး အဆိုအတည် ဖြစ်မဖြစ် မဲခွဲဆုံးဖြတ်ရာတွင် အနိုင်ရရှိခဲ့ကာ အဆိုကို ဆွေးနွေးခဲ့သော ကိုယ်စားလှယ် ၁၆ ဦးတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ခြောက်ဦးပါဝင်ခဲ့ပြီး ယင်း ကိုယ်စားလှယ်များမှလွဲ၍ ကျန်ကိုယ်စားလှယ်များက အဆိုကို ထောက်ခံဆွေးနွေးခဲ့ခြင်းဖြစ်သည်။ အဆို ကို အတည်ပြုရန် မဲခွဲဆုံးဖြတ်ရာတွင် တပ်မတော်သား လွှတ်တော်ကိုယ် စားလှယ်များမှ လွဲ၍ ကျန်ကိုယ်စားလှယ် အားလုံးက ထောက်ခံခဲ့ကြပြီး ထောက်ခံသူဦးရေမှာ ၁၆၃ ဦးဖြစ်သည့် အတွက်လိုအပ်သည့်ထောက်ခံမဲ သုံးပုံနှစ်ပုံဖြစ်သည့် ၁၄၉ မဲကို ကျော်လွန်သည့်အတွက် အဆိုကို အတည်ပြုကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌဦးခင်အောင်မြင့်က ကြေညာခဲ့သည်။

ထို့ပြင် သြဂုတ်လ ၂၇ ရက်နေ့၌ ပျော်ဘွယ်မဲဆန္ဒမှ ဦးမြင့်စိုးက ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်းသည့် "နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးအနေဖြင့် မှားယွင်း ဆောင်ရွက်မိကြောင်း ကြေညာချက် ထုတ်ပြန်ပေးရေး ပြည်ထောင်စုလွှတ်တော်က တိုက်တွန်းပေးရန်" အဆိုကို ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၂၂ ဦးက ဆွေးနွေးခဲ့သည်။

ယင်းအဆိုကို မဲခွဲဆုံးဖြတ်ခဲ့ရာ ဆန္ဒမဲပေးမှုအရ ဆန္ဒမဲပေးခွင့်ရှိသူ ၆၂၉ ဦးရှိသည့် အနက် ထောက်ခံမဲပေးသူ ၄၄၇ ဦး ရှိပြီး ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အပါအ၀င် ပါတီအသီးသီးမှ လွှတ်တော် ကိုယ်စားလှယ်များက ညီညွတ်စွာ ထောက်ခံဆန္ဒမဲပေးခဲ့ကြောင်း သိရ သည်။ ထို့ကြောင့် လွှတ်တော်နှစ်ရပ်လုံးမှ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်ကော်မတီ များအား ပြည်ထောင်စုအဆင့်အဖြစ် လိုလားနေသည်မှာ ပေါ်လွင်ကြောင်း သုံးသပ်မှုများရှိနေသည်။

ထို့ပြင် တစ်ဖက်တွင်လည်း လွှတ်တော်များအနေဖြင့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်ကို လိုက်နာခြင်း မရှိသည့်အပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်သည့် ဆောင်ရွက်ချက်များပြုလုပ်ခြင်း၊ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို စွပ်စွဲပြစ်တင်မှု ပြုလုပ်ခြင်းနှင့် အဆိုတင်သွင်း ဆုံးဖြတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်ဟု ဆိုကာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးက ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ သြဂုတ်လ ၂၉ ရက်နေ့တွင် စာချွန်တော် လျှောက်ထားခဲ့သည်။ အဆိုပါ နေ့တွင်ပင် နိုင်ငံတော်ဖွဲ့စည်းပုံဆိုင်ရာခုံရုံးကို စွပ်စွဲချက်အဆိုအား ဆက်လက် အရေးယူဆောင်ရွက်နိုင်ရန် ပြည်သူ့လွှတ်တော်တွင် စုံစမ်းစစ် ဆေးရေးအဖွဲ့ ဖွဲ့စည်းခဲ့ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ပြည်ထောင်စုလွှတ်တော်တွင် ခုံရုံးနှင့် ပတ်သက်၍ ဦးမြင့်စိုး တင်သွင်းသည့် အဆိုကို ၀င်ရောက် ဆွေးနွေးရာတွင်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ အငြင်း အခုန်ဖြစ်သည်မှာ မထူးဆန်းကြောင်း စိတ်ပျက်စရာ မလိုကြောင်း၊ ပြဿနာကိုဖြေရှင်းရာတွင် ဒီမိုကရေစီစံ နှုန်းနှင့် ညီမညီ နှင့် ပြည်သူများအတွက် အေးချမ်းသာယာမှုကို ဦးတည်သလားဆိုသလို စဉ်းစားဖြေရှင်းရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။ ထို့ပြင် ယခုပြဿနာကို ဖြေရှင်းရာတွင် အားလုံးညှိညှိနှိုင်းနှိုင်း၊ တိုင်တိုင်ပင်ပင်၊ သဘောထားကြီးကြီး၊ အမြှော်အမြင်ရှိရှိဖြင့် ဖြေရှင်းရေးကို ဦးတည်ရန် မေတ္တာရပ်ခံကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့သည်။အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် လွှတ်တော်သို့ မ၀င်ရောက်မီ ကြားဖြတ်ရွေးကောက်ပွဲ အကြိုကာလကလည်း ဒီမိုကရေစီစနစ်အောင်နိုင်ရန် တပ်မတော်ပါဝင်ရန်လိုအပ်ကြောင်း သုံးသပ် ပြောကြားထားပါသည်။

"နိုင်ငံကို ပြန်ပြီးတော့ ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ သေသေချာချာ ရောက်ဖို့ဆိုရင် ပြည်သူလူထုတွေနဲ့ တပ်မတော်ကြားမှာ အဆင်ပြေဖို့လိုတယ်ဆိုတာ အများနားလည်ပြီးသား ဖြစ်မှာပါ။ ဒီမိုကရေစီစနစ် အောင်နိုင်ဖို့ဆိုတာဟာ ဒီမိုကရေစီစနစ် တည်ဆောက်တဲ့ အနောက်မှာ တပ်မတော်က မားမားမတ်မတ် ပါဝင်ဖို့လိုပါတယ်"ဟု ဒေါ်အောင်ဆန်းစုကြည်က မတ်လအတွင်း မိတ္ထီလာသို့ မဲဆွယ်စည်းရုံးရေး ခရီးသွားရောက်စဉ် ပြောကြားထားသည်။

လတ်တလော ဖြစ်စဉ်များအရ ယခုအချိန်တွင် လွှတ်တော်နှင့် ခုံရုံးအကြား အပြန်အလှန်အားပြိုင်မှုများ ဖြစ်ပေါ်နေသလို သမ္မတနှင့် လွှတ်တော်အကြား အငြင်းပွားဖွယ်ရာများရှိနေနိုင်သည့် အခြေအနေ မျိုးတွင် သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေး(မှူးဇော်)၏ Facebook တွင် ဖော်ပြထားသည့်စာသည် စဉ်းစားစရာများ ဖြစ်ပေါ်စေကြောင်း လေ့လာသူတစ်ဦးက သုံးသပ်ခဲ့ပါသည်။"လွှတ်တော်နဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံးတို့ အခြေအတင် ဖြစ်နေချိန်မှာ သမ္မတရုံးက ပြောရေးဆိုခွင့်ရှိတဲ့ ဦးဇော်ဌေး (မှူးဇော်) အနေနဲ့ သူ့ Facebook မှာ အခုလို ထိုင်းမှာ အာဏာသိမ်းတဲ့ အကြောင်း ကို ဖော်ပြလာတာဟာ မေးခွန်း ထုတ်စရာဖြစ်စေပါတယ်။ နောက်တစ်ချက်က ဒီလိုငြင်းခုံတဲ့ အခြေအနေတွေ ဆိုးရွားလာရင် စစ်တပ်က အာဏာသိမ်းလိမ့်မယ်လို့ သတိပေးထားတာလားလို့လည်း စဉ်းစားနေရတယ်။"ဟု အဆိုပါလေ့လာသူတစ်ဦးက ပြောပါသည်။

မြန်မာ့နိုင်ငံရေး သမိုင်းတွင် စစ်တပ်မှ အာဏာသိမ်းမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ၁၉၆၂ ခုနှစ် မတ်လ ၂ ရက် နှင့် ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့များက အာဏာသိမ်းမှု ဖြစ်စဉ်များ ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပါသည်။

0 comments

Leave a comment

Subscribe to our RSS Feed! Follow us on Facebook! Follow us on Twitter! Visit our LinkedIn Profile!