Big News Times

Just another Blogger Template by Basnetg.com

Basnetg.com - Premium Blogger Templates

အမျိုးသား ရင်ကြားစေ့ရေးနဲ့ ညီညွတ်ရေး စိတ်ဓာတ်

Published on Saturday, September 1, 2012 1:32 AM // , ,

မြန်မာနိုင်ငံမှာ ညီညွတ်ရေး စကားပြောရင်းနှင့် ပြည်တွင်းစစ်ကို တိုက်ခဲ့ကြဖူးသည်။ ကွဲတာ မဆန်းဟု ဆိုသော်လည်း နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲမှာ အလွန်ကြီး ကျယ်လှသော ဂျီစီဘီအေ ကွဲသည်။ တို့ဗမာ အစည်းအရုံး ကွဲသည်။ ကွန်မြူနစ်ပါတီ ကွဲသည်။ ဆိုရှယ်လစ်ပါတီလည်း ကွဲသည်။ ဗိုလ်ချုပ်တို့ ထူထောင်ခဲ့သော အလွန် အင်အား တောင့်တင်းသည့် ဖဆပလ အဖွဲ့ချုပ်ကြီးလည်း ဗိုလ်ချုပ်တို့ မရှိတော့သည့် နောက်ပိုင်းမှာ ကွဲသည်။

ဒီလို အကွဲများ ကြားထဲမှာ ငြိမ်းချမ်းရေး ဆိုတာ လေထဲမှာပဲ ရှိနေခဲ့ပြီး စစ်ရေး ကတော့ တဖြည်းဖြည်းချင်း ကြီးမား ကြီးထွား လာခဲ့တာကို တွေ့ရပါသည်။ ပြည်တွင်းစစ်ကို အကြောင်းပြပြီး ချဲ့ထွင် လာခဲ့သော စစ်အင်အားမှာ စစ်ရေး နယ်ပယ်မှာ သာမက နိုင်ငံရေး နယ်ပယ် ကိုပါ လွှမ်းမိုးလာခဲ့တာ ဖြစ်ပါသည်။ ဤသို့ဖြင့် စစ်အင်အား ကြီးထွားမှုက နိုင်ငံရေး နယ်ပယ်ကို တစ်စတစ်စ လွှမ်းမိုး ချဲ့ထွင်လာခဲ့တာ ဖြစ်သည့် အတွက် နိုင်ငံရေးကို နိုင်ငံရေးလို ဖြေရှင်း၊ နိုင်ငံရေး လို စဉ်းစားသည့် နိုင်ငံရေး နည်းဆိုတာ ပျောက်ကွယ် လုမတတ် ဖြစ်ခဲ့ရပါသည်။

သည်လို လက်နက်ကိုင်နည်းနှင့် ဖြေရှင်းမှ ဖြစ်တော့မည် ဆိုတာ လွတ်လပ် ရေး မရခင် ကတည်းက စခဲ့တာ ဖြစ်ပါ သည်။ အချင်းချင်းတွေ ကြားမှာ မတူညီ သည့် သဘောထားများကို ည�ိနှိုင်းပြီး ညီညွတ်ရေး တည်ဆောက်ဖို့ ကြိုးစား ခဲ့ကြသည်မှာလည်း လွတ်လပ်ရေး မရခင် ကတည်းကပဲ ဖြစ်ပါသည်။ ကြိုးစား နေရင်းမှာပဲ၊ ညီညွတ်ရေးက မအောင်မြင် ဘဲ၊ စစ်ရေးကသာ အသာစီး ယူ ယူသွားခဲ့ တာ ဖြစ်ပါသည်။ ညီညွတ်ရေး မရခြင်း၏ အကျိုးဆက်မှာ ငြိမ်းချမ်းရေးနှင့် အလှမ်း ဝေးခဲ့ခြင်း ဖြစ်ပါသည်။ ညီညွတ်ရေး လင်းရောင်ခြည်လေးမှာလည်း နှစ်ပေါင်း များစွာ ဆိုသလို၊ ပေါ်လာလိုက် မှိန်ပျောက် သွားလိုက်၊ အစလေး ပြန်ပေါ် လာလိုက် ပြတ်တောက်သွားလိုက်နှင့် ဖြစ်ပါသည်။ မြန်မာပြည်သူလူထု ဘဝမှာ အလွန် ဝမ်းနည်းစရာ ကောင်းပါသည်။ ညီညွတ် ရေး စကားများ၊ ပြည်တွင်းစစ် ရပ်စဲရေး စကားများ၊ ငြိမ်းချမ်းရေး စကားများ ကြားရတိုင်း ဝမ်းသာရအားရ ဖြစ်ခဲ့ကြပြီး၊ ပျက်ပြယ်သွားပြန်ပြီ ဆိုတိုင်း ရင်မှာ မောကျန်ခဲ့ရတာ ဖြစ်ပါသည်။ အမှန်မှာ ဝမ်းသာရတာ နည်းနည်း၊ ရင်မော စိတ်ပျက်ရတာ များများ။

အတွေ့အကြုံတွေ များလာတော့၊ ညီညွတ်ရေးစကား၊ ငြိမ်းချမ်းရေး စကား ကြားရလျှင် လက်ခမောင်းခတ်ရတော့ မလိုနှင့် အဖျားရှူးသွားတာတွေ များလှ ပြီ ဖြစ်တာကြောင့် သည်လိုစကားတွေ ကြားရလျှင် အသက်မရှူရဲဘဲ ငြိမ်ငြိမ်လေး စောင့်ကြည့်နေကြသည့် အနေအထားကို ရောက်လာခဲ့ပါသည်။ အသက်ပြင်းပြင်း ရှူလိုက်လျှင် ညီညွတ်ရေး မီးတောက် လေး အရှိန်မရခင် ငြိမ်းသွားမှာစိုးလို့။ ဖူးပွင့်ဖို့ အားယူလာသည့် ငြိမ်းချမ်းရေး ပန်းပွင့်ကလေး ကြွေလွင့်သွားမှာစိုးလို့။


ငြိမ်းချမ်းရေး ငြိမ်းချမ်းရေး ငြိမ်းချမ်းရေး

မြန်မာနိုင်ငံသူ နိုင်ငံသားများ အဖို့ ငြိမ်းချမ်းရေးဆိုတာကို တောင့်တခဲ့ကြတာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ငြိမ်းချမ်း ရေး၏ အခြေခံများဖြစ်သော လွတ်လပ် မျှတရေး၊ ညီညွတ်ရေး၊ ဒီမိုကရေစီရေးတို့ ဆိုတာကိုလည်း ရနိုးနိုး၊ ရနိုးနိုးနှင့် နေလာ ခဲ့ကြတာ နှစ်ပေါင်းခြောက်ဆယ်ကျော်ပါပဲ။


ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်

ကုန်လွန်ခဲ့သည့် ၂ဝ၁၁ ကတော့ အလွန်ပဲ ထူးခြားမှုတွေ ရှိခဲ့ပါသည်။ သည်ထဲမှာမှ အထူးခြားဆုံး၊ မြန်မာ့နိုင်ငံရေး သမိုင်း အပြောင်းအလဲမှာ အရေးပါဆုံးလို့ ဆိုရ မှာက ၁၉ သြဂုတ် ၂ဝ၁၁ နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် သမဿမတကြီး ဦးသိန်းစိန်တို့၏ တွေ့ဆုံမှုပါ။ လွတ်လပ်ရေး ရပြီးခေတ် ခေတ်သစ် မြန်မာ့နိုင်ငံရေး သမိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမဿမတ ဦးသိန်းစိန်တို့ တွေ့ဆုံမှု သည် အထူးခြားဆုံး အရေးပါဆုံး ဖြစ်ရပ် တစ်ခု ဖြစ်ခဲ့ပါသည်။ နိုင်ငံရေး သဘော ထားချင်း မတူညီသည့် အင်အားစုကြီး နှစ်စုမှ ထိပ်ဆုံး ခေါင်းဆောင်နှစ်ဦး တွေ့ဆုံ ခဲ့ကြတာ ဖြစ်လို့ပါ။ ပြီးတော့၊ သူတို့နှစ်ဦး တွေ့ဆုံပွဲမှာ တွေ့ဆုံပြီး ပြီးသွားတာမျိုး မဟုတ်ဘဲ နှစ်ဦးစလုံးက တွေ့ဆုံဆွေးနွေး ရသည့် အခြေအနေကို ကျေနပ်မှုရှိကြောင်း ဖော်ပြခဲ့ကြလို့ ဖြစ်ပါသည်။

ယင်း တွေ့ဆုံပွဲ နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ နိုင်ငံရေး လှုပ်ရှား မှုပုံစံရော၊ အစိုးရအဖွဲ့သစ်ရဲ့ လုပ်ကိုင်မှု ပုံစံတချို့ပါ ပြောင်းလဲလာတာ တွေ့ရပါ သည်။ လွတ်လပ်ရေးရပြီး နောက်ပိုင်းမှာ နိုင်ငံရေး သဘောထား ကွဲလွဲမှုများကို နှစ်ဦးနှစ်ဖက်မျှ မက ဘက်အားလုံး လိုလိုက လက်နက်စွဲကိုင် ဖြေရှင်းလာခဲ့ ကြပါသည်။ ညီညွတ်ရေးအတွက် စကား ပြောဆိုရင်း ဆွေးနွေး အဖြေရှာသည့်၊ နားလည်မှု ရှာဖွေမှုများ ရှိခဲ့သော်လည်း သည်လို ထိပ်ဆုံး ခေါင်းဆောင်များ တွေ့ဆုံပြီး နားလည်မှုရကြ၊ တစ်ဦးနှင့် တစ်ဦး လေးလေးစားစား ဆက်ဆံနေရာ ပေးကြတာ အလွန်ရှားခဲ့လို့ ဖြစ်ပါသည်။


သမိုင်းနည်းနည်း ပြန်ကြည့်

ကွန်မြူနစ်ပါတီ အကွဲအပြဲ၊ ဖဆပလ အကွဲအပြဲ၊ တိုင်းရင်းသား လက်နက်ကိုင် များနှင့် စခဲ့သည့် ပြည်တွင်းစစ် အစအဦး ကိစဿစများကို မပြောတော့ဘဲ ညီညွတ်ရေး ကြိုးပမ်းခဲ့သော ငြိမ်းချမ်းရေး စကားများ ပြောခဲ့ကြသော ထင်ရှားသည့် သမိုင်း တချို့ကို ပြန်ကောက်ရင်း ပြည်သူ့ ရင်မောမှု အတွေ့အကြုံကို ခြေရာခံကြည့် ချင်ပါသည်။

လွတ်လပ်ရေး ရပြီးနောက် ပထမဆုံး ကြီးကျယ်သည့် ငြိမ်းချမ်းရေး စကားပြော ကြသော အဖြစ်အပျက်က ဦးနု ဖဆပလ အစိုးရနှင့် ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) တို့ ဆွေးနွေးပွဲ ဖြစ်မည်ဟု ထင်ပါသည်။ သည်အဖြစ်အပျက်က ၆ ဧပြီ ၁၉၄၉ မှာ ဖြစ်ပါသည်။ လွတ်လပ်ရေး ရပြီး တစ်နှစ်ကျော်ကျော်လေး အကြာပါ။ ပထမဆုံးအကြိမ် ဆွေးနွေးခဲ့ကြတာ ဖြစ်ပါသည်။ ကေအန်ယူဟာ အမျိုးသား ဒီမိုကရေစီ တော်လှန်ရေး လက်နက်ကိုင် တိုက်ပွဲဆင်နွှဲနေရင်းက စားပွဲဝိုင်းပေါ်မှ ဆွေးနွေးပွဲ တိုက်ပွဲများကိုလည်း ကြိုးစား ခဲ့ကြပါတယ်လို့ ကေအန်ယူ ဥကဿကဋဿဌျကီး မန်းဘဇံက ဆိုဖူးပါသည်။ လက်နက်ချင်း တိုက်နေကြသည့် တိုက်ပွဲ (အင်းစိန် ၁၁၁ ရက် တိုက်ပွဲ) ပြင်းထန်နေချိန်မှာ စစ်ရေး နည်းကနေ နိုင်ငံရေးနည်းကို ပြောင်းဖို့ ကြိုးစားခဲ့ကြတာ ဖြစ်ပါသည်။ ဖဆပလ အစိုးရက ကွန်မြူနစ်များနှင့် အရင်စေ့စပ်ဖို့ ကြိုးစားပါသည်။ စေ့စပ်ပွဲ ပျက်သွားတော့ ဦးနုက ထိုအချိန်က ကေအန်ယူ ဥကဿကဋဿဌ စောဘဦးကြီးကို 'စစ်တိုက်နေတာ တိုင်းပြည် မီးလောင်ကုန်ပြီ၊ ကရင်တွေ ရော ဗမာတွေရော သေကုန်ကြပြီ တွေ့ဆုံ ဆွေးနွေး ဖြေရှင်းမယ်' ဆိုပြီး ကမ်းလှမ်း ပါသည်။ ဒါနဲ့ စောဘဦးကြီးနှင့် မန်းဂျိမ်းစ် ထွန်းအောင်၊ စောဘဲလေ၊ ဘိရှော့ဝက်ခ် တို့ ဦးနုထံကိုသွားပြီး တွေ့ဆုံ ဆွေးနွေး ကြသည်။ ဆွေးနွေးကြပြီး၊ ကေအန်ဒီအို (ကေအန်ယူ၏ လက်နက်ကိုင်တပ်) က လက်နက်ချဖို့ အစီအစဉ်ကိုပါ သဘောတူ ကြပြီး လက်မှတ်တွေ ထိုးခဲ့ကြသည်။ တကယ့်လက်တွေ့မှာ ဤသည်မှာ ဦးနု၏ လှည့်ကွက်၊ ဦးနု မရိုးမသားလုပ်တာ ဖြစ်သည်၊ စောဘဦးကြီးက ရိုးသားပြီး 'အ' လွန်းတော့ ဦးနု အကွက်ထဲ ဝင်သွား တာဖြစ်သည် ဆိုပြီး ကေအန်ဒီအိုက ကန့်ကွက်ပါသည်။ စောဘဦးကြီးက ကေအန်ယူ ဥကဿကဋဿဌ အနေနှင့် လက်မှတ် ထိုးခဲ့တာ ဖြစ်သည်၊ ကေအန်ဒီအို ဥကဿကဋဿဌ မန်းဘဇံ အနေနှင့် လက်နက်ချရေးကို ငြင်းသည်။ သည်ကိစဿစမှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသာ ဖြစ်သည်၊ လက်နက်ချရေး မဟုတ်၊ ကရင်ပြည်နယ် ပြသဿသနာကို ဖြေရှင်းရမှာသာ ဖြစ်သည်ဟု ဆိုပါသည်။ နောက် ၅ မေ ၁၉၄၉ မှာ မန်းဘဇံနဲ့ ဆာဘဦး ပထမ တွေ့သည်။ နောက် ဦးဧမောင်နှင့်။ နောက် ဦးနု၊ ဗိုလ်လက်ျာ၊ ဗိုလ်နေဝင်း၊ ဗိုလ်ခင်မောင်လေး၊ စောကြာ ဒိုးတို့နှင့် တွေ့ပါသည်။ အစိုးရအဖွဲ့က အသစ် မဆွေးနွေး။ ဥကဿကဋဿဌ စောဘဦးကြီး သဘောတူထားသည်ကိုသာ ဆုပ်ကိုင် ဆွေးနွေးခဲ့သည်။ သည်လိုနှင့် ဆွေးနွေးပွဲ မအောင်မြင်တော့။ အင်းစိန်တိုက်ပွဲ ဆက်ဖြစ်ခဲ့ပါသည်။ နိုင်ငံရေးနည်း နောက် တန်းရောက်သွားပြီး စစ်ရေးက လွှမ်းမိုး သွားခဲ့တာဖြစ်သည်။ ထို့နောက်မှာလည်း ကေအန်ယူက ဗိုလ်ချုပ်နေဝင်း အိမ်စောင့် အစိုးရနှင့် ၁၉၆ဝ ဖေဖော်ဝါရီမှာ၊ နောက် တော်လှန်ရေးကောင်စီခေတ် ဗိုလ်ချုပ်ကြီး နေဝင်း အစိုးရနှင့် ၅ ဇူလိုင် ၁၉၆၃ မှာ ဆွေးနွေးပါသေးသည်။ သိတဲ့အတိုင်း မအောင်မြင်ခဲ့ပါ။


ကွန်မြူနစ်ပါတီနဲ့ စေ့စပ်ဆွေးနွေးရေး

၁၉၅၃ မှာ ကတည်းက ဗမာပြည် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီဝင် ဗိုလ်ဇေယျ၊ သခင်ချစ်တို့က ဖဆပလ ကာကွယ်ရေး ဝန်ကြီး ဦးဗဆွေဆီကို စာရေးဆက်သွယ်ပြီး တွေ့ဆုံဖို့ ကမ်းလှမ်း ဖူးပါသည်။ ကူမင်တန် တရုတ်ဖြူတို့ မြန်မာပြည်ထဲကို စဝင်နေသည့် အချိန်။ တရုတ်ဖြူက အမေရိကန် နောက်ခံရှိသည့် အတွက် အမေရိကန် နယ်ချဲ့ရန်ကို ပူးပေါင်း ကာကွယ်ဖို့ လိုသည်ဆိုသော အခြေခံအချက်နှင့် နယ်ချဲ့ အနဿတရာယ် ပူးပေါင်း ကာကွယ်ရေး၊ တစ်မျိုးသားလုံး သွေးစည်း ညီညွတ်ရေး၊ ငြိမ်းချမ်းရေး ဆိုသည့် အချက်သုံးချက်နှင့် တွေ့ဆုံကြဖို့ စာရေး ကမ်းလှမ်းခဲ့တာ ဖြစ်ပါသည်။

နောက်တော့ ဖဆပလ အစိုးရ ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန် ကြေညာချက်အဖြစ် ၁ အောက်တိုဘာ ၁၉၅၅ ရက်စွဲဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ထွက်လာပါသည်။ လက်နက်ကိုင် အဖွဲ့ အစည်းများ လက်နက်ချ ဝင်ရောက် မည်ဆိုလျှင် အားလုံး လွတ်ငြိမ်းခွင့်ပေး မည် ဆိုတာပဲ ဖြစ်ပါသည်။ မုဒိမ်းမှု၊ လူသတ်မှု၊ ဓားပြမှုကလွဲလျှင် အားလုံးကို ခွင့်လွှတ်မည်ဆိုသည့် ယေဘုယျအဓိပဿပာယ် ပါပါသည်။ ဒါဟာ ၁ အောက်တိုဘာ ၁၉၅၅ က စတင်ပြီး ၃၁ မတ် ၁၉၅၆ အထိ ဖြစ်တယ်လို့ ဆိုပါသည်။ ခြောက်လ ဆိုပါတော့။ သို့ပေမယ့် ပြည်တွင်းစစ် ရပ် စဲရေး မှတ်တမ်းအရ နှစ်ဆန်း ၁ ဇန်နဝါရီ ၁၉၅၆ မှာ လက်နက်ကိုင် အဖွဲ့အစည်း များကို အပြုတ်တိုက်ရေး စီမံချက်နှင့် ချေမှုန်းသော ဖဆပလ အစိုးရ၏ အောင်မာဃ စစ်ဆင်ရေး စတင်ခဲ့တာ ဖြစ်ပါသည်။

ထိုနှစ်ဆန်း ၂ဝ ဇန်နဝါရီ ၁၉၅၆ မှာ ဗမာပြည် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ ဥကဿကဋဿဌ သခင်သန်းထွန်းက ဝန်ကြီးချုပ် ဦးနုဆီကို ဗိုလ်လက်ျာမှ တစ်ဆင့် စာတစ်စောင်ပို့ပါသည်။ အဂဿငလိပ်၊ အမေရိကန်တို့နှင့် မပူးပေါင်းဖို့ရန်နှင့်၊

၁။ အမျိုးသား လွတ်လပ်ရေးနှင့် ငြိမ်းချမ်းစွာ အတူရှိရေးဝါဒကို ပြတ်သား စွာ ကျင့်သုံးဖို့၊

၂။ ပြည်သူလူထု တစ်ရပ်လုံး၏ ဒီမိုကရေစီ အခွင့်အရေးများကို အာမခံဖို့၊ ကွန်မြူနစ် ပါတီဝင်များနှင့်တကွ အခြား သော နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးဖို့၊

၃။ ကွန်မြူနစ်ပါတီ အပါအဝင် အခြားသော ဒီမိုကရေစီ နိုင်ငံရေးပါတီများ လူထုလူတန်းစား အဖွဲ့အစည်းများ ဥပဒေ တွင်း တည်ရှိ ရပ်တည်ခွင့် နိုင်ငံရေး လုပ်ကိုင်ဆောင်ရွက်ခွင့်များကို အာမခံ ရမည်ဟု ပါရှိပါသည်။

ဒါနဲ့ ပတ်သက်ပြီး အစိုးရအဖွဲ့၏ သဘောထားကို ပြန်ကြားရေး ဝန်ကြီး ဦးထွန်းဝင်းက ၁၃ ဖေဖော်ဝါရီ ၁၉၅၆ မှာ အသံလွှင့် ရှင်းလင်းချက် တစ်ရပ် ပြန်လည် ထုတ်ပြန်ခဲ့ပါသည်။ အတိုချုပ် ပြောရလျှင် 'တောခိုသူများကို ပြန်လည် ဝင်ရောက်လာနိုင်ဖို့ အခွင့်အရေး ပေးထား တာကို မလာဘဲ စေ့စပ်ဆွေးနွေး လိုတယ် လို့ ပြောတာဟာ သဘောရင်း ဖြူစင်မှု မရှိလို့ ဝမ်းနည်းပါတယ်၊ အခြားသော လက်နက်ကိုင်များ အလင်းဝင်နေချိန်မှာ လက်နက်ကိုင်ထားပြီး စေ့စပ်လိုတယ်လို့ ပြောနေရင် ကိုယ့်ထိုက်ကိုယ့်ကံ ခံရတော့ မှာဖြစ်ပြီး သခင်သန်းထွန်း ဆွေးနွေးလို တဲ့ အချက်သုံးချက်ဟာ အစိုးရဘက်က ဆွေးနွေးရန် လုံးဝ မရှိတော့တဲ့ ပြသဿသနာ များ ဖြစ်ပါတယ်၊ ဒါတွေကို လိုက်လျော ပြီးသား ဖြစ်ပါတယ်' လို့ ဆိုခဲ့တာဖြစ်ပါ သည်။ အခြားနည်းမရှိ လက်နက်ချ အလင်း ဝင်လာခဲ့ပါဆိုသည့် သဘော ဖြစ်ပါသည်။

အဲဒါအပြင် ၂၅ ဖေဖော်ဝါရီ ၁၉၅၆ မှာ တပ်မတော်၏ အလင်းဝင်ဖို့ ဖိတ်ခေါ် ချက်ဆိုပြီး ကြေညာပါသည်။ ဤသည် ကလည်း လက်နက်ချပြီး အလင်းဝင်ဖို့ တိုက်တွန်းချက်ပဲ ဖြစ်ပါသည်။


စေ့စပ် ဆွေးနွေးရေးလား၊ လက်နက်ချရေးလား

ထိုအခါမှာ သခင်သန်းထွန်းတို့က ဗိုလ်လက်ျာကို ကြားလူအဖြစ် သဘော ထားပြီး ကွန်မြူနစ်ပါတီ ဌာနချုပ်မှ ကိုယ်စားလှယ် တစ်ယောက် လွှတ်ဖို့ ဆက်သွယ်ပါသည်။ အစိုးရအဖွဲ့ဝင်များနှင့် ဆွေးနွေးဖို့ စီစဉ်ပေးရန် အကြောင်းကြား သည်။ ဗိုလ်လက်ျာက ပြည်ထဲရေးဝန်ကြီး ဗိုလ်ခင်မောင်လေးနှင့် ဗမာ့တပ်မတော်က ဗိုလ်မှူးကြီးအောင်ကြီးတို့ကို ပြောသည့် အခါ ဦးနုက ဗိုလ်လက်ျာနှင့် ယင်း ကွန်မြူနစ် ကိုယ်စားလှယ်များ တွေ့ပါ ဆိုပြီး တာဝန်ပေးပါသည်။ တွေ့ဆုံသည့် အခါမှာ အလင်းဝင်ရေးကိုသာ ဆွေးနွေးပြီး နိုင်ငံရေး မဆွေးနွေးရန် ပြောလိုက်ပါ သည်။

ထို့နောက်၊ ဗိုလ်မှူးကြီး အောင်ကြီး က ကွန်မြူနစ်များ လက်နက်ချရေးနှင့် ပတ်သက်ပြီး အသံလွှင့်ပါသည်။၂၅ မတ် ၁၉၅၆ မှာပါ။ ကွန်မြူနစ်များ လက်နက်ချ အလင်းဝင်ဖို့ ရှိသည်၊ ထိုသူများ တပ်မတော်ကို လာရောက် ကမ်းလှမ်း လာလျှင် အလင်းဝင်ရေးကိစဿစ ဆွေးနွေးပါ၊ နိုင်ငံရေး လုံးဝ မဆွေးနွေးပါနှင့်၊ တပ်မတော် တာဝန်ခံများသည် လက်နက် ချရေးကိုသာ ဆွေးနွေးရန် တာဝန်ရှိပြီး နိုင်ငံရေး အရ စေ့စပ်ရေး လုပ်တာ မဟုတ်ဘူး ဆိုတာ သတိပြုပါဆိုပြီး ကြေညာပါသည်။ အလင်းဝင်ဖို့ နေ့ရက်ကို လည်း ၃၁ မတ် အထိသာ ဖြစ်ကြောင်း သတိပေးပါသည်။

ထိုနေ့မှာပဲ ပြည်ထဲရေးဝန်ကြီး ဗိုလ်ခင်မောင်လေးက အသံလွှင့်ပါသည်။ အစိုးရသည် လက်နက်ကိုင်များနှင့် တွေ့ဆုံ ဆွေးနွေးမှုကို လက်မခံ၊ လက်နက်ချရေး သည် လက်နက်ချရေးသာ ဖြစ်သည်၊ လက်နက်ချလိုသူများ သတ်မှတ်ရက် မတိုင်မီ လက်နက်ချဖို့ အကြောင်းကြားပါ၊ လက်နက်ချပြီးလျှင် ဒီမိုကရေစီ အခွင့် အရေးအပြည့်အဝ ရပါစေမည်ဟူ၍ ဖြစ်ပါ သည်။

သည်လိုနဲ့ပဲ တွေ့ဆုံ ဆွေးနွေးရေး လည်းမဖြစ်၊ ကွန်မြူနစ်ပါတီ ဥပဒေတွင်း ဝင်ရေးလည်း ဖြစ်မလာခဲ့ပါ။


ပြည်တွင်း ငြိမ်းချမ်းရေးကြိုးပမ်းချက်များ

လွတ်လပ်ရေး ရသည့်နှစ် ၁၉၄၈ ဒီဇင်ဘာ ၁၉ က ရွှေတိဂုံစေတီတော် တောင်ဘက် စောင်းတန်း၊ သခင် စံထွန်းလှ ဇရပ်မှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း အပါ အဝင် ဆယ့်ခုနစ်ဦး ကော်မတီ နိုင်ငံတော် အေးချမ်းသာယာရေးအဖွဲ့ ဖွဲ့စည်းဆောင် ရွက်ပါသည်။

နောက် တစ်ပတ်လောက် အကြာ ၂၅ ဒီဇင်ဘာမှာ ရွှေတိဂုံ စေတီ တော် ရာဟုထောင့် သံတန်ဆောင်းကြီးမှာ ရန်ကုန်မြို့ပေါ်ရှိ ကျောင်းတိုက် တစ်ရာ ကျော်မှ သံဃာတော် အပါး ၃ဝဝဝ လောက်၊ အခြား ဘာသာပေါင်းစုံက ခေါင်းဆောင်နှင့် လူထု ၂ဝဝဝ ကျော် တက်ရောက်သည့် ပြည်တွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲကြီး ပြုလုပ်ပါသည်။ ၁၉၅၁ မှာ ပြည်သူ့ ငြိမ်းချမ်းရေး အဖွဲ့ပေါင်းစုံ ဖွဲ့စည်း ဆောင်ရွက်ပါသည်။ ၁ဝ မေ ၁၉၅၂ မှ ၁၄ မေ ၁၉၅၂ မှာ ကမဿဘာ့ ငြိမ်းချမ်းရေး ကွန်ဂရက် (ဗမာနိုင်ငံ) ၏ ပြည်လုံးကျွတ် ညီလာခံ ကျင်းပပါသည်။ ထိုညီလာခံက ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး အဆိုများ တင်သွင်း ဆုံးဖြတ်ပြီး ၁ဝ ဇူလိုင် ၁၉၅၂ ရက်စွဲဖြင့် ကြေညာခဲ့ပါသည်။ ဆရာကြီး သခင် ကိုယ်တော်မှိုင်းသည်လည်း ၁၉၅၆ ဖေဖော်ဝါရီ ၂၇ မှ ယင်းနှစ် မတ်လ ကုန်အထိ အထက် မြန်မာနိုင်ငံတစ်ခွင် လှည့်လည်ပြီး ငြိမ်းချမ်းရေးတရား ဟောခဲ့ ပါသည်။ ၁၉၅၇ မှာ ဆရာကြီး အပါအဝင် ဂ ဦး ကော်မတီကို ဖွဲ့စည်းပြီး ၁၉၅၈ မတ် ၂၈ တစ်နေ့တည်း၊ တစ်ချိန်တည်း၊ တစ်ပြိုင်တည်းမှာ တစ်နိုင်ငံလုံး မြို့နယ် များ၊ ခရိုင်များမှာ ငြိမ်းချမ်းရေး ဆနဿဒပြပွဲ များ လုပ်ခဲ့ပါသည်။ နောက် အိမ်စောင့် အစိုးရ တက်လာသည့်အခါ ဆရာကြီး သခင် ကိုယ်တော်မှိုင်း၊ ဗိုလ်မှူးချုပ် ကျော်ဇော၊ တော်ဘုရားလေး၊ ဦးထွန်းတင် တို့ ပါဝင်သော ဂ ဦး ကော်မတီကို ဖျက်သိမ်း ပစ်ခဲ့ပါသည်။

ပြည်သူလူထုက ဘယ်လိုပဲ ဆနဿဒပြပွဲ များနှင့် တောင်းဆို ခဲ့ကြသော်လည်း ပြည်တွင်းစစ်ရပ်စဲမသွားသလို ငြိမ်းချမ်း ရေးကလည်း ဝေးဝေး သွားခဲ့တာသာ ဖြစ်ပါသည်။

သည်လိုနှင့် တော်လှန်ရေး ကောင်စီ သည် ဖဆပလ ဦးနု အစိုးရကို ၁၉၆၂ မတ် ၂ မှာ အာဏာသိမ်းပြီး တက်လာ ခဲ့ပါတယ်။ ၁၉၆၃ ဧပြီ ၁ မှာ နိုင်ငံရေး အကျဉ်းသားများကို အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့် အမိန့်နဲ့အတူ လွှတ်ပေး ခဲ့ပါသည်။ ထို့နောက် ဇွန် ၁၁ ရက်စွဲနှင့် တော်လှန်ရေး ကောင်စီက တောတွင်း လက်နက်ကိုင် အဖွဲ့အစည်း အားလုံးကို ပြည်တွင်း ငြိမ်းချမ်းရေး ကမ်းလှမ်းချက် အနေဖြင့် ထုတ်ပြန် ကြေညာခဲ့ ပြန်ပါ သည်။ ပြည်တွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များ ပြုလုပ်ခဲ့ပြီး မအောင်မြင်ဘဲ ပြီးဆုံး သွားခဲ့ ပြန်ပါသည်။ မြောက်မြားလှစွာ အထောက်အထား အသေးစိတ်များ မှတ်တမ်းမှတ်ရာများ ရှိပါသည်။ သည်မှာ လည်း ဟိုဘက်ဒီဘက် အပြစ် ပြောဆိုမှု များကသာ ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေး သဘောထားပေါ်မှာ လွှမ်းမိုးသွားခဲ့တာ ဖြစ်ပါသည်။ ယင်း ကာလ ပြည်တွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများမှာ အတော် ကျယ်ကျယ်ပြန့်ပြန့် ပြောစရာများ ရှိမည် ထင်ပါသည်။

သမိုင်းကိုပြန်ပြီး ချုပ်ရလျှင် မတူညီ သည့် နိုင်ငံရေးသဘောထား၊ မတူညီသည့် ပြည်ထောင်စု သဘောထား များကို နိုင်ငံရေး ပြသဿသနာအဖြစ် သဘောထားပြီး ပြေလည်အောင် မဖြေရှင်းနိုင်ခဲ့ပါ။ မပြေ လည်မချင်း ဆွေးနွေးပြောဆိုပြီး ဖြေရှင်း မည်ဟူသော သဘောထားကို လက်နက် ကိုင်စွဲသည့် နည်းကပဲ ကျော်လွှား သွား ခဲ့ပါသည်။ အင်အားကြီးသူက ပို၍ သဘောထား ကြီးကြီးထားကာ ဆွေးနွေး ရေး စားပွဲဝိုင်းပေါ်မှ ဘေးသို့ ရောက်မသွား အောင် ကြိုးစားရလိမ့်မည်ဟု ထင်ပါသည်။ တကယ် ညီညွတ်ရေး လိုချင်သည့် စိတ်ဓာတ် မွေးထား ရပါလိမ့်မည်။

၂၇ ဇူလိုင် ၂ဝ၁၂

မောင်းဆ

0 comments

Leave a comment

Subscribe to our RSS Feed! Follow us on Facebook! Follow us on Twitter! Visit our LinkedIn Profile!